Sunday, May 21, 2023

Ai 10 apps for APPLE

 2023 မှာ AI အသုံးပြုမှုတွေက အတော်လေးတွင်ကျယ်လာသလို AI တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကလည်း level တစ်ခုအထိကို မြင့်တက်လာခဲ့ပါပြီ။

ဒါကြောင့် AI ကို နယ်ပယ်အသီးသီးမှာ အသုံးချနိုင်ဖို့ ကိုယ့်ရဲ့ iPhone နဲ့ iPad တွေထဲမှာရှိ‌သင့်တဲ့ AI Application (၁၀)ခု ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Android ကနေ iOS ပြောင်းသုံးပြီး Siri နဲ့ အသားမကျသူတွေအတွက် Siri လိုလုပ်ဆောင်ပေးနိုင်တဲ့ Google Assistant.
၂။ Virtual Learning AI တစ်ခုဖြစ်တဲ့ Socratic.
၃။ သိချင်တာတွေမေးဖို့ စကားပြောဖော် Chat AI တစ်ခုဖြစ်တဲ့ Bing.
၄။ Grammar ကိုယ်ရေးတဲ့စာ Grammar မှန်သလား ပြန်စစ်ဆေးဖို့ Grammarly.
၅။ ဓာတ်ပုံအဟောင်းတွေကို အလွယ်တကူပြန်ပြင်ဖို့ Remini.
၆။ မိသားစုနဲ့ပတ်သက်ပြီး သားသမီးတွေကို ပြုစုပျိုးထောင်ခြင်းအထိ အကြံပြုဆွေးနွေးပေးနိုင်မယ့် Cleo.
၇။ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေကို စိတ်ပညာရှင်တစ်ယောက်လို ဆွေးနွေးပေးမယ့် Youper.
၈။ တနိုင်တပိုင် Workout လုပ်ချင်တဲ့လူတွေအတွက် အလိုအပ်ဆုံး Fitness AI.
၉။ အထီးကျန်နေရသူတွေကို စကားတွေပြောပေးမယ့် AI သူငယ်ချင်းဖြစ်တဲ့ Replika.
၁၀။ ဝါးတားနေတဲ့ပုံတွေကို AI အကူအညီနဲ့ ကြည့်ကောင်းအောင်ပြုပြင်ပေးနိုင်တဲ့ Pixelup.

Credited iSure Facebook Page

You might also like:

Related Posts Plugin for WordPress, Blogger...